ယူကရိန်းသို့ စစ်သားများစေလွှတ်၍ လျှို့ဝှက်ဆောင်ရွက်မှုတွင် ပါဝင်သည်ဟု ဗြိတိန် ဝန်ခံ

(GMT+08:00)2022-12-15 14:40:42  

မကြာခင်က ဗြိတိန် အဆင့်မြင့် စစ်အရာရှိ တစ်ဦးသည် ရုရှားနှင့်ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် သုံးလေးလ အကြာတွင် ဗြိတိန် တော်ဝင် မရိန်းတပ်သည် ယူကရိန်း၌ လျှို့ဝှက်ဆောင်ရွက်မှုတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံသည်။

ယခုလ ၁၃ ရက်နေ့က The Times သတင်းစာ၏ ဖော်ပြချက်အရ ဗြိတိန် တော်ဝင် မရိန်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ရိုပတယ် မာကော်အန်သည် စစ်ဘက်မဂ္ဂဇင်းတွင် ဗြိတိန်တော်ဝင် မရိန်းတပ် အမှတ် ၄၅ တပ်ဖွဲ့ဝင်များသည် ယခုနှစ် ဇန်နဝါရီလက ကိဗ်ရှိဗြိတိန်သံရုံးကို ပိုလန်သို့ ဆုတ်ခွာရန် ကူညီ ခဲ့ပြီးနောက် ယူကရိန်းမှ ထွက်ခွာခဲ့ကြောင်း၊ သို့သော် ယခုနှစ် ဧပြီလက ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၃၀၀ခန့်ကို ယူကရိန်းသို့စေလွှတ်ပြီး ကိဗ်ရှိဗြိတိန် သံတမန်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြခဲ့သည်။