ဂျာမဏီပြည်ထောင်စုလွှတ်တော် ဘတ်ဂျက်ကော်မတီသည် F-35တိုက်လေယာဉ် ဝယ်ယူရန် အစီအစဉ်ကို အတည်ပြု

(GMT+08:00)2022-12-15 10:23:23  

ဒေသံစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဂျာမဏီ ပြည်ထောင်စုလွှတ်တော် ဘတ်ဂျက် ကော်မတီသည် ကာကွယ်ရေးတပ်မတော်မှ F-35တိုက်လေယာဉ် ဝယ်ယူရန် အစီအစဉ်ကို အတည်ပြုခဲ့သည်။ ယင်းအစီအစဉ်သည် ဂျာမတီ၏ အကြီးမားဆုံးသော လက်နက် အဆင့်မြှင့်တင်ရေး ဝယ်ယူမှု အစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး ယူရိုငွေ ၁၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။

F-35 တိုက်လေယာဉ်အပြင် ရိုင်ဖယ်အသစ်၊ စစ်ရေးရေဒီယိုထုတ်လွှင်မှုစနစ်အသစ် အစရှိသော ပရိုဂျက်များလည်း ပါဝင်သည်။ ယင်းမတိုင်မီက ဂျာမဏီအစိုးရသည် လက်နက်များ အဆင့်မြှင့်တင်ရန်အတွက် ယူရိုငွေ ဘီလီယံ ၁၀၀ ရှိသည့် အထူးကာကွယ်ရေးရန်ပုံငွေ ထားရှိရန် ဆုံးဖြတ်ခဲ့သည်။