ရွှေ့ပြောင်းနေထိုင်သူ ဆယ်ပေါင်းများစွာ တင်ဆောင်ထားသော အသေးစား ရေယာဉ် တစ်စင်း အင်္ဂလိပ်ရေလက်ကြားတွင် တိမ်းမှောက်

(GMT+08:00)2022-12-15 13:02:18  

ဗြိတိန် ဒေသခံ မီဒီယာမှ သတင်းအရ ဒေသစံတော်ချိန် ယခုလ ၁၄ရက်နေ့က ရွှေ့ပြောင်းနေထိုင်သူ ဆယ်ပေါင်းများစွာ တင်ဆောင်ထားသော အသေးစား ရေယာဉ် တစ်စင်းသည် ကင်တယ်ကမ်းခြေရှိ အင်္ဂလိပ်ရေလက်ကြားတွင် တိမ်းမှောက်ခဲ့ကြောင်း၊ သက်ဆိုင်ရာအစီရင်ခံစာအရ ယင်းဖြစ်ရပ်တွင် လူသေဆုံးမှုရှိပြီး ရေယာဉ်တွင် လူ ၃၀မှ ၅၀ အထိ တင်ဆောင်ထားကြောင်း သိရပါသည်။

ဗြိတိန်အစိုးရမှ ပုဂ္ဂိုလ်တစ်ဦးက ရေယာဉ် တိမ်းမှောက်မှုတွင် လူအနည်းငယ် သေဆုံးခဲ့ပြီး လူ ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ဗြိတိန်နိုင်ငံသို့ ပို့သွားခဲ့ပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။