တရုတ်ပြည်ထုတ် မော်တော်ယာဉ်များ တင်ပို့ရန် ဆိပ်ကမ်းမှာတန်းစီနေ၊ ယခုနှစ် ပထမ ၁၀ လအတွင်း လျှပ်စစ်ကား တင်ပို့မှုသည် အလားတူအချိန်ပိုင်းကထက် ၉၂.၅ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2022-12-15 13:01:09  

  ယခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့ခြင်းသည် လျင်မြန်စွာတိုးတက်လာပြီး နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ မော်တော်ယဉ်တင်ပို့မှုပမာဏမှာ စီးရေ ၃သိန်း၇သောင်းရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၇၀.၅၁ ရာခိုင်နှုန်း တိုးလာကာ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ ယခုနှစ် ပထမ ၁၀ လအတွင်း ရှန်ဟိုင်းတွင် လျှပ်စစ်မော်တော်ယာဉ်များ တင်ပို့မှု ပမာဏမှာ စီးရေ ၁.၁၂၂ သန်းကျော် ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄၆.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊  ယင်းအနက် ခရီးသည်တင် လျှပ်စစ်မော်တော်ယာဉ် စီးရေ ၄.၁၇ သိန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉၂.၅ ရာခိုင်နှုန်း တိုးလာကြောင်းသိရပါသည်။