ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် တရုတ်-လက်တင်အမေရိက လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းလွှာ ထုတ်ပြန်

(GMT+08:00)2022-12-15 12:59:04  

ဒီဇင်ဘာလ ၁၄ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် တရုတ်-လက်တင်အမေရိက လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား တွင် မိန့်ခွန်းလွှာ ထုတ်ပြန်ခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တံခါးဖွင့်ရေး နိုင်ငံတော်အခြေခံမူဝါဒကို စွဲကိုင်မည်ဖြစ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော တံခါးဖွင့်ရေး မဟာဗျူဟာကို ပြတ်ပြတ်သားသား ကျင့်သုံးမည်ဖြစ်ကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်သည့် မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသစ်ဖြင့် ကမ္ဘာ့အတွက် အခွင့်အလမ်းသစ်များကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လက်တင်အမေရိကနှင့် ကယ်ရီဘီယံနိုင်ငံများအပါအဝင် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေး ထူထောင်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။