တရုတ်နိုင်ငံသည်remote sensing ဂြိုဟ်တု-၃၆ ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-12-15 11:28:54  

ပီကင်းစံတော်ချိန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ လင်းအားကြီးအချိန် ၂ နာရီ ၂၅ မိနစ်တွင် တရုတ်နိုင်ငံသည် ရှီးချမ်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာတွင် Long March 2D သယ်ဆောင် ဒုံးပျံဖြင့် remote sensingဂြိုဟ်တု-၃၆ ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တုသည် သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ပြီ ဖြစ်ကာ ဂြိုဟ်တု လွှတ်တင်ရေး လုပ်ငန်း အောင်မြင်ပါကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။