ပီရူးအစိုးရက အရေးပေါ်အခြေအနေ ကြေညာ

(GMT+08:00)2022-12-15 12:56:59  

   ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ပီရူး ကာကွယ်ရေးဝန်ကြီး Alberto Otarola က တစ်ပြည်လုံးတွင် ရက်း၃၀ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ ပီရူး သမ္မတဟောင်း Castillo ဖမ်းဆီးခံခဲ့ရပြီးနောက် ပီရူး တစ်နိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့သည်။ Otarolaက နိုင်ငံတော် ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့များသည် အစိုးရနှင့်အတူ လူမှုရေး အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။