ဟန်ကျိုးတွင် ဝန်ထမ်းများသည် ဂေဟစနစ်ဆိုင်ရာ ရေပေါ်ကျွန်း၌ ဆောင်းရေနေ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြ

(GMT+08:00)2022-12-14 17:20:17  

ယခုလ ၁၂ ရက်က တရုတ်ပြည် ဟန်ကျိုးမြို့ ချွန်အန်း ခရိုင် ချန်းတောင်ဟူမြို့နယ် ပင်ရှန် ဂေဟစနစ် ဆိုင်ရာ ရေပေါ်ကျွန်းတွင် ဝန်ထမ်းများသည် ဆောင်းရေနေ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနေကြသည်။

ချန်းတောင်ရေကန်၏ လှပသောရေကို ကာကွယ်ရန်အတွက် ချွန်အန်းခရိုင်သည် ဂေဟစနစ် ဆိုင်ရာ ရေပေါ်ကျွန်းရေနေအပင်များ၏ မြေဆီလွှာမရှိသော စိုက်ပျိုးမှုနည်းပညာကို တက်ကြွစွာ အသုံးပြုပြီး အပင် ရှင်သန်ကြီးထွားရာတွင် ပြင်းထန်သောအမြစ်စနစ်မှ စုပ်ယူမှုမှတစ်ဆင့် ရေအပေါ်ပိုင်း၏သန့်စင်နိုင်စွမ်းကို မြှင့်တင်ကာ  ချန်းတောင်ရေကန်၏ ရေအရည်အသွေးကို တစ်ဆင့်တိုးမြှင့်သည်။