ဟူပေပြည်နယ် ဇီကွေးတွင် ရှောက်ချိုသီးဥယျာဉ်ခြံရှိ ရှုခင်းကြည့်စင်္ကြံများ တည်ဆောက်ခြင်း အလုပ်များနေ

(GMT+08:00)2022-12-14 17:21:28  

လက်ရှိတွင် တရုတ်ပြည် ဟူပေပြည်နယ် ယီချန်းမြို့ ဇီကွေးခရိုင်ရှိ ရှောက်ချိုသီးဥယျာဉ်ခြံ၏ ဝေဟင်ရှုခင်းစင်္ကြံတည်ဆောက်မှု၊ ရှောက်ချိုသီး အရောင်းဌာနနှင့် ရှောက်ချိုသီး ဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းစသည့် အစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ခရိုင်သည် ဒေသခံ ရှောက်ချိုသီး လုပ်ငန်းနှင့် သဘာဝတောတောင်ရေမြေအရင်းအမြစ်များ၏ အားသာချက်များကို အသုံးပြုပြီး ရန်ပုံငွေများကို ပေါင်းစပ်ညှိနှိုင်းကာ အကောင်းဆုံး ရှောက်ချိုသီး ဥယျာဉ်ခြံနှင့် ရှောက်ချိုသီး ယဉ်ကျေးမှု ဘက်စုံ လက်တွေ့လေ့လာမှု ပလက်ဖောင်းကို တည်ဆောက်၍ ခေတ်မီ ရှောက်ချိုသီး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေးတို့ကို တွန်းအားပေးနေသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။