ဝမ်ယိနှင့် ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ဗီဒီယိုပုံစံဖြင့် တွေ့ဆုံ

(GMT+08:00)2022-12-14 17:09:34  

ဒီဇင်ဘာလ ၁၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto နှင့် ဗီဒီယိုပုံစံဖြင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရအကြား Belt and Road ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ထူထောင်ရန် သဘောတူစာချုပ်ကို ချုပ်ဆိုကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-ဟန်ဂေရီ ဆက်ဆံမှု ပုံမှန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး တရုတ်-ဥရောပ ဆက်ဆံမှု တည်ငြိမ်စွာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးရှိကြောင်း၊ ဥရောပသမဂ္ဂနှင့် ၄င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ဟန်ဂေရီ နိုင်ငံကဲ့သို့ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပကတိကျကျ ဖော်ရွေစွာ သဘောထားပြီး တရုတ်-ဥရောပအကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

Szijjarto က တရုတ်နိုင်ငံသည် ဥရောပ၏ ပြိုင်ဖက်မဟုတ်ဘဲ မိတ်ဖက်ဖြစ်ကြောင်း၊ ဟန်ဂေရီသည် တရုတ်နှင့် အပြန်အလှန် ယုံကြည်မှုနှင့် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လိုကြောင်း ပြောကြားသည်။