ကွန်ဂို(DRC)မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူအနည်းဆုံး ၁၄၁ ဦး သေဆုံး

(GMT+08:00)2022-12-14 17:13:15  

ကွန်ဂို(DRC)နိုင်ငံ မြို့တော် ကင်ရှာဆာတွင် ဒေသစံတော်ချိန် ၁၂ ရက်နေ့ ညမှ ၁၃ ရက်နေ့ နံနက်လင်းအားကြီးအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ နေရာအများအပြားတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် လူအနည်းဆုံး ၁၄၁ ဦး သေဆုံးခဲ့သည်။ ကွန်ဂို(DRC) ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတ Tshisekediက ၁၄ ရက်နေ့မှ စ၍ သေဆုံးသူများအတွက် သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မည်ဟု အမိန့်ချခဲ့ကြောင်း ၁၃ ရက်နေ့ည ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။