NYPDဂိုဒေါင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးထက်မနည်း ဒဏ်ရာရရှိ

(GMT+08:00)2022-12-14 17:29:02  

 ဒေသစံတော်ချိန် ၁၃ ရက်နေ့က အမေရိကန် နယူးယောက်မြို့ဘရွတ်ကလင်ဒေသရှိ NYPD ပိုင် ဂိုဒေါင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့ပါသည်။ မီးလောင်မှုသည် ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသည် ရဲဌာန၏ သိမ်းဆည်းထားသည့် ပစ္စည်းများနှင့် သက်သေခံပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်တွင် ဖြစ်ကြောင်း NYPD အရာရှိက ဖော်ပြပါသည်။ ဂိုဒေါင်ပျက်စီးမှုအခြေအနေကို အတိအကျ မသိရဘေးဘဲ မီးလောင်မှု ဖြစ်ပွားခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်။