နေကမ္ဘာ စူးစမ်းလေ့လာရေး ဂြိုဟ်တု Kuafu-1 မှ ဖမ်းယူသော ပထမအသုတ် သိပံ္ပပညာ ရုပ်ပုံများ ထုတ်ပြန်

(GMT+08:00)2022-12-14 17:14:15  

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီး နိုင်ငံတော် အာကာသ သိပံ္ပပညာစင်တာသည် တရုတ်နိုင်ငံ၏ နေကမ္ဘာ စူးစမ်းလေ့လာရေး ဂြိုဟ်တု Kuafu-1 မှ ဖမ်းယူသော ပထမအသုတ် သိပံ္ပပညာ ရုပ်ပုံများကို ထုတ်ပြန်ခဲ့သည်။ ယင်းရုပ်ပုံများသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဂြိုဟ်တု Kuafu-1 ကို အောင်မြင်စွာ လွှတ်တင် ခဲ့သည့်နောက်ပိုင်း ဖမ်းယူထားသော နေကမ္ဘာအား စူးစမ်းလေ့လာရေး ရုပ်ပုံများ ဖြစ်ပြီး ပြည်တွင်းပြည်ပ၌ ပထမဆုံးအကြိမ်ပင် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။