ရှီးဇန့်လူ့အခွင့်အရေးကို အကြောင်းပြုပြီး တရုတ်အစိုးရဝန်ထမ်းနှစ်ဦးကို ကန် အရေးယူခြင်းနှင့် ပတ်သက်၍ တရုတ်တုံ့ပြန်

(GMT+08:00)2022-12-13 22:29:37  

ရှီးဇန့်လူ့အခွင့်အရေးပြဿနာဆိုသည်ကို အကြောင်းပြုပြီး တရုတ်အစိုးရဝန်ထမ်းနှစ်ဦးကို အမေရိကန်က အရေးယူခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်၏ လုပ်ရပ်သည် တရုတ်ပြည်တွင်းရေးကို အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာဆက်ဆံမှုအခြေခံမူကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကာ တရုတ်-အမေရိကန် ဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ထိခိုက်၍ တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ယမန်နေ့ ၁၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။