ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲသည် “အနောက်နိုင်ငံမှ လူ့အခွင့်အရေး စောင့်ကြပ်သူ” ကို မကြိုဆိုချင်

(GMT+08:00)2022-12-13 22:15:14  

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲနဲ့ ဖိုင်နယ်ပွဲကို ဒီသီတင်းပတ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လဝက်ကြာအတွင်း အမေရိကန် CNNနဲ့ ဝါရှင်တန် ပို့စ် သတင်းစာ စတဲ့ မီဒီယာများက ကာတာရဲ့ လုပ်သား ပြဿနာကို အဆက်မပြတ် သတင်းဖြန့် ပြစ်တင်ခဲ့တယ်၊ ဗြိတိန် BBCက ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ထုတ်လွှင့်ဖို့ ငြင်းပယ်ခဲ့တယ်။ အဲဒီ အနောက်နိုင်ငံမှ မီဒီယာများဟာ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်း ပေးဆပ်မှုများကို လျစ်လျူရှုပြီး၊ အားကစားရေးရာကို နိုင်ငံရေး ကိစ္စ ဖြစ်လာအောင် လုပ်ဆောင်ပြီး တစ်ကမ္ဘာလုံး အားကစား ပရိသတ်များရဲ့ ဆန့်ကျင်ဖက်မှာ ရပ်တည်သွားပါတယ်။

ကာတာနိုင်ငံဟာ ပထမဆုံးသော ကမ္ဘာ့ဖား ဘောလုံးပြိုင်ပွဲကို ကျင်းပတဲ့ အာရပ် နိုင်ငံ ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပရန် လျှောက်လွှာတင်လာကတည်းကပဲ အနောက်နိုင်ငံများမှ အထောက်အထားမဲ့ ပြစ်တင်မှုများ ခံခဲ့ရတယ်။ တစ်ချို့က လုပ်သား ၁ သောင်းနီးပါး ကာတာမှာ သေဆုံးခဲ့တယ်လို့ ဆိုတယ်၊ တစ်ချို့က သံတမန်ရေးအရ ဖိဆန့်မှု ပြုလုပ်ဖို့ သွေးထိုးလှုံ့ဆော်ကြိုးပမ်းခဲ့ကြတယ်။ ကာတာအစိုးရက အဖြစ်မှန်နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ရှင်းလင်းဖေါ်ပြခဲ့ပေမဲ့ အနောက်နိုင်ငံမှ အဲဒီမီဒီယာများက မကြားချင် ယောင်ဆောင်ကြတယ်။

ကာတာ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး မူဟာမက်က အနောက်နိုင်ငံမှ မီဒီယာတွေရဲ့ ပြစ်တင်မှုဟာ ကြောင်သူတော်ဆန်ခြင်း လုပ်ရပ် ဖြစ်ပြီး အရှေ့အလယ်ပိုင်းမှ နိုင်ငံငယ် တစ်နိုင်ငံက အဲဒီလို ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲကြီး ဦးစီးကျင်းပတာကို လက်မခံလိုကြောင်း ပြောဆိုခဲ့တယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများက အာရပ်နိုင်ငံရဲ့ လုပ်သား အခွင့်အရေးကို တကယ် ဂရုပြုရင် ဘာဖြစ်လို့ အရှေ့အလယ်ပိုင်းမှာ အဆက်မပြတ် စစ်မီးမွှေး သွေးထိုးလှုံ့ဆော်ပြီး ပိုမို ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများကို ဖန်တီးခဲ့တာလဲလို့ လူအများကလည်း မေးခွန်းထုတ်ကြတယ်။

အားကစားဟာ အားကစားပဲ ဖြစ်ပြီး ကမ္ဘာ့ဖလားက “အနောက်နိုင်ငံမှ လူ့အခွင့်အရေး စောင့်ကြပ်သူ”ကို မလိုလားပါကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။