ခရီးသည်တင်ရေယာဉ်နှင့် တပ်မတော်မှ ရေယာဉ် တိုက်မိခြင်းကြောင့် လူ ၂ ဦးဒဏ်ရာရ

(GMT+08:00)2022-12-13 22:20:36  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က မြန်မာနိုင်ငံရခိုင်ပြည်နယ် ဘူးသီးတောင်မှ စစ်တွေသို့ ခုတ်မောင်းသောခရီးသည်တင်ရေယာဉ်တစ်စင်းသည် တပ်မတော်မှ ရေယာဉ်နှင့် တိုက်မိခဲ့ခြင်းကြောင့် လူ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် မြစ်ပေါ်၌ မြူနှင်းတွေ ဖုံးလွှမ်းနေကြောင်းဒေသခံမျက်မြင်သက်သေကဆိုသည်။  အခင်းဖြစ်ပွားသည့် အကြောင်းရင်းကိုဆက်လက် စုံစမ်းလျက်ရှိကြောင်းသိရပါသည်။