နန်ကင်း အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှုမှ အသက်ရှင် ကျန်ရစ်သူ ၅၄ဦးသာရှိ

(GMT+08:00)2022-12-13 22:33:16  

၂၀၂၂ခုနှစ်သည် နန်ကင်း အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ၈၅နှစ်ပြည့် မြောက်နှစ်ဖြစ်သည်။ ၁၉၃၇ခုနှစ် ဒီဇင်ဘာလက တရုတ်ပြည်သို့ ဝင်ရောက်ကျူးကျော်သော ဂျပန်စစ်တပ်သည် နန်ကင်း အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှုကို ပြုလုပ်ပြီး တရုတ် အရပ်သူ အရပ်သားနှင့် လက်နက်ချခဲ့သော တရုတ်တပ်သား ၃သိန်းကျော်ကို ရက်စက်စွာ သတ်ဖြတ်ကာ မပျောက်နိုင်သော နာကျင်မှုများကို အသက်ရှင် ကျန်ရစ်သူများထံ ချန်ထားခဲ့သည်။

    နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင် ကျန်ရစ်သူများသည် အဆိုပါ ကြေကွဲဖွယ်သမိုင်း၏ “သက်ရှိထင်ရှားသက်သေများ” ဖြစ်သည်။ လက်ရှိတွင် နန်ကင်း သက်ဆိုင်ရာ ဒုက္ခခံရသူများအား အကူအညီအသင်းမှ မှတ်ပုံတင်ထားသည့် အသက်ရှင်ကျန်ရစ်သူ ဦးရေမှာ ၅၄ ဦးသာ ရှိသည်။