ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာ နှောင့်နှေး

(GMT+08:00)2022-12-13 22:32:14  

 ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ ဒေသအများအပြားတွင် လေကြောင်း ခရီးစဉ်များ နှောင့်နှေးခဲ့ကြောင်း အမေရိကန် "Capitol Hill" သတင်းစာက ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့က အမေရိကန်တွင် လေကြောင်း ခရီးစဉ် ၆၃၁၃ ခု နှောင့်နှေးခဲ့ပြီး ၂၄၅ခု ဖျက်သိမ်းခဲ့ကြောင်း ၁၂ ရက်နေ့ နံနက်အထိ အခြားသော ၁၄၄၂ခု နှောင့်နှေးခဲ့ပြီး ၁၀၄ခု ဖျက်သိမ်းခဲ့ပြီ ဟု FlightAware ဒေတာအရ သိရပါသည်။