တရုတ်နိုင်ငံသည် Shiyan-20 A/B ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်

(GMT+08:00)2022-12-13 22:26:11  

ဒီဇင်ဘာလ ၁၂ရက်နေ့ညနေ ၄ နာရီ ၂၂ မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လောင်းမတ်ခ်ျ-၄(ဂ) သယ်ဆောင်ဒုံးပျံဖြင့်Shiyan-20 A/B ဂြိုဟ်တုကို လွှတ်တင်ပြီး ကြိုတင် သတ်မှတ်ထားသည့် ကမ္ဘာပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကာ ယခုအကြိမ် လွှတ်တင်ရေးတာဝန် အောင်မြင်ပါသည်။

ယင်းဂြိုဟ်တုအား အဓိကအားဖြင့် အာကာသပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးခြင်းကဲ့သို့သော နည်းပညာသစ်များကို အာကာသပတ်လမ်းတွင် စမ်းသပ်စစ်ဆေးရန် အတွက် အသုံးပြုပါသည်။