ကမ္ဘာ့အကြီးဆုံး အသစ်တည်ဆောက်ထားသော ကွန်တိန်နာသင်္ဘော ယန်စီမြစ် အတွင်းသို့ ဝင်ရောက်

(GMT+08:00)2022-12-13 22:37:29  

ယခုလ ၁၂ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး အသစ်တည်ဆောက်ထားသော ကွန်တိန်နာသင်္ဘော "Xinfu 102" သည် Jiangsu Taixing Yangzi Xinfu သင်္ဘောကျင်းမှ ယန်စီမြစ်အတွင်းသို့  လှေဆွဲခြင်းဖြင့် ဝင်ရောက်ခဲ့သည်။

"Xinfu 102"၏ စုစုပေါင်းအရှည်မှာ ၃၉၉.၉၉ မီတာရှိပြီး ပုံသွင်းထားသော အကျယ်မှာ ၆၁.၃ မီတာ ရှိကာ ကုန်းပတ်ဧရိယာ ၂၄၀၀၀ စတုရန်းမီတာ ရှိ၍ ဘောလုံးကွင်း ၃.၃ကွင်း၏ အကျယ်အဝန်းနှင့် ညီမျှကြောင်း၊  ကွန်တိန်နာ အများဆုံး ၂၅လွှာကို ထပ်ဆင့်ထားနိုင်ပြီး  ၂၂ ထပ်အဆောက်အအုံအမြင့်နှင့်ညီမျှကာ စံနှုန်းမီ ကွန်တိန်နာTEU ၂၄၃၄၆ခုကို တင်ဆောင်နိုင်သည်။