ကာဘူးလ်မြို့ရှိ ဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုကို ပြုလုပ်သည်ဟု ISIS-K ကြေညာ

(GMT+08:00)2022-12-13 22:28:38  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် အစွန်းရောက်အဖွဲ့ဖြစ်သည့် ISIS-K (Islamic State’s Khorasan Province) သည် အာဖဂန်နိုင်ငံ ကာဘူးလ်မြို့တော်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဗုံးဖောက်ခွဲမှုကို ပြုလုပ်ကြောင်း ကြေညာခဲ့ပါသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းက ကာဘူးလ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူ၃ယောက် ပွဲချင်းသေဆုံးပြီး နိုင်ငံခြားသား ၂ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ဟိုတယ်တွင် ဗုံးပေါက်ကွဲသံ ၁နာရီခန့် ဆက်တိုက်ကြားနိုင်ကြောင်း China Media Group က ရေးသားဖော်ပြပါသည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဖဂန် ယီယာအစိုးရ လုံခြုံရေးတပ်ဖွဲ့သည် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ပိတ်ဆို့ခဲ့ ပါသည်။