ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-12-13 22:13:31  

 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ညွှန်ကြား ပြောကြားရာတွင်၊ တရုတ် ရိုးရာ လက်ဖက်ခြောက် ပြုလုပ်နည်းနှင့် သက်ဆိုင်ရာ ဓလေ့များက ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ လူသားများ၏ ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ အမည်စာရင်း ဝင်ခြင်းသည် တရုတ်နိုင်ငံ၏ လက်ဖက် ယဉ်ကျေးမှု ထွန်းကား စေရေး အတွက် အရေးကြီး အဓိပ္ပါယ် ပါရှိကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ပြီး ပြည်သူများ၏ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည့် စိတ်ပိုင်း ယဉ်ကျေးမှု ဆိုင်ရာ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာကိုးကားရေးကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး တရုတ်ယဉ်ကျေးမှုကို ကမ္ဘာ့ကြီးသို့ ပိုမို ကောင်းမွန်စွာ လျှောက်လှမ်းသွားရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။