၂၀၂၂ ခုနှစ်တွင် တရုတ်ပြည် စားနပ်ရိက္ခာ ထုတ်လုပ်မှု ကီလိုဂရမ် ၆၈၆.၅၅ ဘီလီယံ ရှိ

(GMT+08:00)2022-12-12 12:44:11  

   တရုတ်နိုင်ငံတော်စာရင်းအင်းဦးစီးဌာနသည် ယခုလ ၁၂ ရက်နေ့တွင် ၂၀၂၂ ခုနှစ် စားနပ်ရိက္ခာ ထုတ်လုပ်မှု စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ စားနပ်ရိက္ခာ ထုတ်လုပ်မှု စုစုပေါင်းပမာဏမှာ ကီလိုဂရမ် ၆၈၆.၅၅ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ၀.၅ ရာခိုင်နှုန်း တိုးလာကာ စံချိန်သစ် တင်နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ စားနပ်ရိက္ခာ ထုတ်လုပ်မှု စုစုပေါင်းပမာဏမှာ ၈ နှစ် ဆက်တိုက် ကီလိုဂရမ် ဘီလီယံ ၆၅၀ ကျော် ရှိခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။