ချီလီ် Lascal မီးတောင်ပေါက်ကွဲ

(GMT+08:00)2022-12-12 12:18:16  

ချီလီနိုင်ငံ Lascal မီးတောင်သည် ယခုလ  ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စတင် ပေါက်ကွဲခဲ့ပြီး မှုတ်ထွက်ပစ္စည်းများ မီတာ ထောင်ပေါင်းများစွာရှိပြီး ငလျင်လှုပ်ခြင်း အနည်းငယ်လည်း ဖြစ်စေခဲ့ကြောင်းသိရပါသည်။

 ချီလီ အမျိုးသား ဘူမိဗေဒနှင့် သတ္တုလုပ်ငန်း ဦးစီးဌာနက ယင်းမီးတောင်သည် ဒေသစံတော်ချိန် ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ်တွင် စတင်လှုပ်ခဲ့ပြီး မှုတ်ထွက်ပစ္စည်းများ မီတာ ၆၀၀၀ ခန့်မြင့်ကြောင်းပြောကြားခဲ့သည်။