ဒီဇင်ဘာလအလယ်ပိုင်းတွင် ကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို ထပ်မံမြှင့်တင်နိုင်ဘွယ်ရာ ရှိသည်ဟု ကန်မီဒီယာ ရေးသားဖော်ပြ

(GMT+08:00)2022-12-12 14:18:59  

      အမေရိကန် ဗဟိုဘဏ်သည် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် အတိုးနှုန်းကို ထပ်မံမြှင့်တင်နိုင်ဘွယ်ရာ ရှိကြောင်း၊ သို့သော် ယခုအကြိမ် အတိုးနှုန်းမြှင့်တင်ခြင်းမှာ လွန်ခဲ့သည့်၎ကြိမ်ထက် ပိုမိုသေးငယ်ကြောင်း CNN က ဒီဇင်ဘာလ ၁၁ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

      အမေရိကန်ဗဟိုဘဏ်သည် ၂၀၂၂ခုနှစ် ဇွန်လ၊ ဇူလိုင်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလက အတိုးနှုန်းကို ၄ကြိမ်ဆက်တိုက် မြှင့်တင်ခဲ့ပါသည်။