ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ဟန်ကျိုးမြို့တွင် ဖွင့်လှစ်

(GMT+08:00)2022-12-12 14:18:12  

      ဒီဇင်ဘာလ ၁၁ရက်နေ့က ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် ကုန်သွယ်ရေး ကုန်စည်ပြပွဲက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ဖွင့်လှစ်လိုက်ပါသည်။

      ယခုအကြိမ် ကုန်စည်ပြပွဲ၏ အဓိကဆောင်ပုဒ်မှာ ဒီဂျစ်တယ်နည်းပညာဖြင့် တစ်ကမ္ဘာလုံးတွင် ကုန်သွယ်မှု ပြုလုပ်ရေး ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ ဒီဂျစ်တယ် ကုန်သွယ်ရေး လုပ်ငန်းကုမ္ပဏီ ၈၀၀ကျော် ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသပြီး ဒီဂျစ်တယ်ကုန်ပစ္စည်း၊ ဒီဂျစ်တယ်နည်းပညာ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုပေးရေးနှင့် ဒီဂျစ်တယ်ဖကလ်ဖောင်း၏ အလားအလာသစ်၊ နည်းပညာသစ်နှင့် မြင်ကွင်းသစ်များကို ဘက်စုံပြသမည် ဖြစ်ပါသည်။