ကန်မှ ယူကရိန်းအား လက်နက်များ ထောက်ပံ့ပေးအပ်ခြင်း အပေါ် ကြီးကြပ်ကွပ်ကဲမှု မရှိဟု ကန်ပညာရှင် သတိပေးပြောကြား

(GMT+08:00)2022-12-12 12:25:14  

    မကြာခင်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ကျင်းပခဲ့သော ယူကရိန်းအား လက်နက်များကို ထောက်ပံ့ပေးအပ်ခြင်း အပေါ် စစ်ဆေးရေး ဆိုင်ရာ အစည်းအဝေးတွင် အမေရိကန် ပစ္ဆဘတ် တက္ကသိုလ်မှ ဥပဒေ ပညာရှင် ဒန်နီလ် ကိုဗာလစ်က ဗီဒီယို ပုံစံဖြင့် မိန့်ခွန်းပြောကြားရာတွင် ယူကရိန်းအား လက်နက်များ ထောက်ပံ့ပေးအပ်ခြင်း အပေါ် အမေရိကန်သည် ထိရောက်သော ကြီးကြပ်ကွပ်ကဲမှု တောက်လျှောက် မရှိကြောင်း၊ ထောက်ပံ့ပေးအပ်သော လက်နက်ပစ္စည်း ပမာဏ တိုးပွားလာသည်နှင့် အမျှ ဘေးပတ်ဝန်းကျင် ဒေသများ၊ ဒီ့ထက်မကဘဲ တစ်ကမ္ဘာလုံး အပေါ် အန္တရာယ်များ ဆောင်ကြဉ်းလာကြောင်း ပြောကြားသည်။