အမေရိကန်၏ သံမဏိနှင့် ဒန်သတ္တုများ အခွန် ဆိုင်ရာ ဆောင်ရွက်ချက်သည် စည်းမျဉ်းဥပဒေကို ကျောခိုင်းသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စီရင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ် တုံ့ပြန်ပြောကြား

(GMT+08:00)2022-12-12 12:24:25  

ဂျီနီဗာ ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့က အမေရိကန်၏ သံမဏိနှင့် ဒန်သတ္တုများ ၂၃၂ အခွန် ဆိုင်ရာ ဆောင်ရွက်ချက်ကို တရုတ်ပြည်မှ တရားစွဲဆိုမှု ဆိုင်ရာ ကမ္ဘာ့ ကုန်သွယ်ရေး အငြင်းပွားမှု တရားစွဲဆိုခြင်း(DS544) ပညာရှင်များအဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ အမေရိကန်၏ သက်ဆိုင်ရာ ဆောင်ရွက်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းဥပဒေကို ကျောခိုင်းကြောင်း၊ အမေရိကန်၏ သက်ဆိုင်ရာ ထုချေမှုကို ပယ်ချလိုက်ကြောင်း ဖော်ပြသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက တရုတ်ဘက်သည် ပညာရှင်များအဖွဲ့မှ ပကတိအခြေ အနေနှင့် ကိုက်ညီပြီး တရားမျှတသော စီရင်ဆုံးဖြတ်ချက်ကို ချီးကျူးကြောင်း ဖော်ပြသည်။