အာရပ်စော်ဘွားများနိုင်ငံသည် Rashid လကမ္ဘာ စူးစမ်းရေးယာဉ်ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-12-12 12:26:11  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အာရပ်စော်ဘွားများနိုင်ငံမှ Rashid လကမ္ဘာ စူးစမ်းရေးယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ အောင်မြစ်စွာ လွှတ်တင်ခဲ့ကြောင်း၊ ၅ လကြာပြီးနောက် လကမ္ဘာသို့ ရောက်ရှိပြီး စူးစမ်းလေ့လာရေးလုပ်ငန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

အာရပ်စော်ဘွားများနိုင်ငံ၏ လကမ္ဘာ စူးစမ်းလေ့လာရေးလုပ်ငန်းသည် ၄င်း၏ ၂၁၁၇ ခုနှစ် အင်္ဂါဂြိုဟ် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်က အာရပ်စော်ဘွားများနိုင်ငံသည် Hope အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်ကို အောင်မြစ်စွာ လွှတ်တင်ပြီး ယင်းသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အင်္ဂါဂြိုလ်ပတ်လမ်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က အာရပ်စော်ဘွားများနိုင်ငံသည် ၄င်း၏ ပထမဦးဆုံး အာကာသယာဉ်မျူးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။