အိုးမဲ့အိမ်မဲ့သူ များပြားသဖြင့် အမေရိကန် Los Angelesမြို့ အရေးပေါ် အခြေအနေ ကြေညာမည်

(GMT+08:00)2022-12-12 12:43:29  

    ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့ ညနေပိုင်းက အမေရိကန် Los Angelesမြို့ မြို့တော်ဝန် Karen Bass သည် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း၊ ၁၂ ရက်နေ့တွင် ရာထူးထမ်းဆောင်ပြီးနောက် အိုးမဲ့အိမ်မဲ့သူ များပြားသဖြင့် Los Angelesမြို့ အရေးပေါ် အခြေအနေ ကြေညာမည်ဟု ၄င်းက ပြောကြားခဲ့ကြောင်း Fox သတင်းတွင် ရေးသားဖေါ်ပြပါသည်။

    Karen Bass က Los Angelesမြို့တွင် အိုးမဲ့အိမ်မဲ့သူ ၄ သောင်းကျော် ရှိသည်ဟု ပြောဆိုခဲ့သည်။