ဇလန်စကီသည် ဘိုင်ဒန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-12-12 12:20:09  

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် ယူကရိန်းသမ္မတ ဇလန်စကီသည် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ပို့စ်တစ်ခုကို တင်ပြခဲ့ပါသည်။

ဇလန်စကီက ယူကရိန်းနိုင်ငံ ကာကွယ်ရေးနှင့် ဘဏ္ဍာရေးအတွက် ထောက်ပံ့မှုများ ပေးသည့် အမေရိကန်ကို ကျေးဇူးတင်ရှိပြီး စွမ်းအင်နယ်ပယ်တွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။ ၄င်းက ယူကရိန်း အရပ်သားများနှင့် အရေးပါသော အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အားဖြည့်ရေးသည် အရေးကြီးပါကြောင်းလည်း အလေးထား ဖော်ပြခဲ့ပါသည်။