ဂွာတီမာလာ Fuego မီးတောင် ပေါက်ကွဲပြီး လေဆိပ် ယာယီပိတ်ထား

(GMT+08:00)2022-12-12 12:26:55  

ဂွာတီမာလာ မြို့တော် အနောက်တောင်ဘက် ၄၀ ကီလီမီတာ အကွာအဝေးတွင် တည်ရှိသော Fuego မီးတောင်သည် ၁၀ ရက်နေ့က စတင် ပေါက်ကွဲကာ ချော်ရည်များသည် မီတာ ၈၀၀ခန့်အထိ ပျံ့နှံ့သွားကြောင်း ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဂွာတီမာလာနိုင်ငံ သဘာဝဘေးအန္တရာယ် ညှိနှိုင်းရေးဌာနက ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် မီးတောင်ပြာများနှင့် ချော်ရည်များသည် ယင်းမီးတောင်ထိပ်ဝမှနေဆက်လက် မှုတ်ထွက်လာသည့်အတွက် ဒေသခံပြည်သူများ ဘေးကင်းရာသို့ အမြန်ဆုံး ပြောင်းရွှေ့ရန် ယင်းဌာနက သတိပေးထားသည်။ မီးတောင်ပြာများကြောင့် ဂွာတီမာလာ မြို့တော် လေဆိပ်ကို ယာယီပိတ်ထားကြောင်းကြေညာပါသည်။