တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ ကျော်ကို တင်ဆောင်ထားသည့် ကယ်ဆယ်ရေး သင်္ဘောနှစ်စင်း အီတလီသို့ ရောက်ရှိ

(GMT+08:00)2022-12-12 12:19:21  

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အီတလီနိုင်ငံသည် ၎င်း၏ဆိပ်ကမ်းကို ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးများ အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ ကျော်ကို တင်ဆောင်သည့် ကယ်ဆယ်ရေး သင်္ဘော နှစ်စင်းကို လက်ခံခဲ့ပါသည်။ ၄င်းတို့သည် အဓိကအားဖြင့် အာဖရိကမှ လာခြင်းဖြစ်ပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်း မြေထဲပင်လယ်၌ ကယ်ဆယ်ခံရသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်။

ယင်းသင်္ဘောပေါ်ရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် နှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံရခြင်း လက္ခဏာများတွေ့ရှိကြောင်း အီတလီနိုင်ငံ ANSA သတင်းဌာနသည် Bari ကျန်းမာရေးအဖွဲ့အစည်းမှ ဖော်ပြချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့ပါသည်။