အိန္ဒိယအရှေ့တောင်ပိုင်းတွင်ရေကြီးမှုဖြစ်ပွား၊ လူအနည်းဆုံး ၄ဦးသေဆုံး

(GMT+08:00)2022-12-11 13:42:31  

ဒီဇင်ဘာလ ၁၀ရက်နေ့က အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းဒေသများစွာတွင် အပူပိုင်းလေစီးကြောင်း "Mandos"ကြောင့် ပြင်းထန်သော ရေကြီးမှု ဖြစ်ပွားခဲ့သည်။

တမီလ်နာဒူးပြည်နယ်တွင် ရေကြီးမှုကြောင့် အနည်းဆုံးလူလေးဦးသေဆုံးပြီး နေအိမ် ၁၈၁ လုံး ပျက်စီးခဲ့သည်။ ယင်းပြည်နယ် ချင်နိုင်မြို့လေဆိပ်မှ လေယာဉ်လိုင်း ၁၀လိုင်း ကိုဖျက်သိမ်းခဲ့ရပါသည်။ ထိုနေတွင် Andhra ပြည်နယ်တွင် မိုးရေ ၂၅၈ မီလီမီတာ အထိ ရှိကာ ရေကြီးမှုကြောင့် လမ်းအချို့ ပြတ်တောက်ခဲ့ပါသည်။