သန့်ရှင်းရေးလုပ်ငန်းအချိန်တိုးပြီးယိုစိမ့်မှုဖြစ်ပွားသောအမေရိကန်-ကနေဒါအကြား အရေးကြီး ရေနံပိုက်လိုင်း ဆက်လက် ပိတ်ထားနိုင်ဖွယ်ရာရှိ

(GMT+08:00)2022-12-11 11:08:12  

ရေနံပိုက်လိုင်းKeystone ၏ ယိုစိမ့်မှု သန့်ရှင်းရေးလုပ်ငန်းသည် လာမည့်သီတင်းပတ်အထိ အချိန် တိုးသွားမည်ဖြစ်ခြင်းကြောင့် ယင်းပိုက်လိုင်း ကိုဆက်လက် ပိတ်ထားနိုင်ဖွယ်ရာရှိကြောင်း အမေရိကန် ပတ်ဝန်းကျင် ကာကွယ်ရေးဌာနက ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့က ကြေညာခဲ့သည်။ ဒေသစံတော်ချိန် ၇ရက်နေ့ ညက ကနေဒါ TCစွမ်းအင်ကုမ္ပဏီသည် ယိုစိမ့်မှုကြောင့် အမေရိကန်သို့ ရေနံပို့လွှတ်သော Keystoneပိုက်လိုင်းကို အရေးပေါ် ပိတ်ခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ရေနံပို့လွှတ်မှုကိုမည်သည့်အချိန်တွင် ပြန်လည်စတင်နိုင်မည်နည်း ဟူခြင်းကို ယင်းကုမ္ပဏီက မသေချာသေးကြောင်း သတင်းအရ သိရပါသည်။