ရုရှားနိုင်ငံသည် “ချစ်ကြည်ရေးမရှိသောနိုင်ငံများ” မှ တင်သွင်းလာသော ကုန်ပစ္စည်းအချို့အပေါ် ၃၅ ရာခိုင်နှုန်းအခွန် ကောက်ယူမည်

(GMT+08:00)2022-12-11 13:43:04  

ရုရှားစက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၉ရက်နေ့တွင် ထုတ်ပြန်သော ဆုံးဖြတ်ချက် အရ ရုရှားနိုင်ငံအစိုးရသည် “ချစ်ကြည်ရေးမရှိသောနိုင်ငံများ”မှ တင်သွင်းလာသော ကုန်ပစ္စည်းအချို့အပေါ် ၃၅ ရာခိုင်နှုန်း အခွန် ကောက်ယူမည်ဖြစ်ပြီး အဆိုပါ မူဝါဒကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျင့်သုံးမည်ဖြစ်ကြောင်း Russia Todayမှ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကုန်ပစ္စည်းများတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် ပိုလန်တို့မှ တင်သွင်းသည့် ခေါင်းလျှော်ရည်၊သွားတိုက်ဆေးနှင့် မုတ်ဆိတ်ရိတ်ဆေး၊ ဆပ်ပြာရည် စသဖြင့် ပါဝင်ကြောင်း၊ “ချစ်ကြည်ရေးမရှိသောနိုင်ငံများ” မှ တင်သွင်းသော အရပ်ဘက်သုံး လက်နက်များနှင့် ခဲယမ်းမီးကျောက်များအပေါ်လည်း ၃၅ ရာခိုင်နှုန်း အခွန်ကောက်ယူမည်ဖြစ်ကြောင်း သိရပါသည်။