ရှီကျင့်ဖိန်သည် ပထမ အကြိမ် တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-12-10 13:13:34  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ရက်နေ့ ညနေပိုင်းတွင် ပထမ အကြိမ် တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ထိပ်သီးအစည်းအဝေးကို ရီယတ်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးတွင် တရုတ်- ပင်လယ်ကွေ့ အာရပ်နိုင်ငံများ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ထောင် အားဖြည့်ရန် ဆုံးဖြတ်ခဲ့ပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် "အတိတ်က အစဉ်အလာကောင်းကို ဆက်ခံပြီး အနာဂတ် ကဏ္ဍသစ်ကို ဖွင့်လှစ်၍ လက်တွဲရှေ့သို့ ချီတက်ကာ၊ တရုတ်-ပင်လယ်ကွေ့အာရပ်နိုင်ငံများ ဆက်ဆံရေး၏ သာယာသော အနာဂတ်ကို လက်တွဲ ဖန်တီးကြခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပြီး တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အခွင့်ကောင်းအဖြစ် ထားကာ တရုတ်-ပင်လယ်ကွေ့အာရပ်နိုင်ငံများ ဆက်ဆံရေး မဟာဗျူဟာမြောက် အတွင်းသဘောများကို မြှင့်တင်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။