ရှီကျင့်ဖိန်က ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရုတ်-အာရပ် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး “လက်တွဲဆောင်ရွက်ချက်၈ရပ်”ကို အဆိုပြု

(GMT+08:00)2022-12-10 13:12:06  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ရီယတ်မြို့၌ ကျင်းပသော ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရုတ်-အာရပ်လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး “လက်တွဲဆောင်ရွက်ချက်၈ရပ်”ကို အဆိုပြုခဲ့ကြောင်း၊ ယင်းတို့သည် ဖွံ့ဖြိုးတိုးတက်မှု ထောက်ခံရေး လက်တွဲဆောင်ရွက်ချက်၊  စားနပ်ရိက္ခာလုံခြုံရေး လက်တွဲဆောင်ရွက်ချက်၊ ကျန်းမာရေး လက်တွဲဆောင်ရွက်ချက်၊ စွမ်းအင်လုံးခြုံရေး လက်တွဲဆောင်ရွက်ချက်၊ ယဉ်ကျေးမှုဆိုင်ရာဆွေးနွေးရေး လက်တွဲဆောင်ရွက်ချက်၊ လူငယ်များပြုစုပျိုးထောင်ရေး လက်တွဲဆောင်ရွက်ချက်နှင့် လုံခြုံတည်ငြိမ်ရေး လက်တွဲဆောင်ရွက်ချက်တို့ ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။