ရုရှားမှ ဓာတ်မြေသြဇာ တင်ပို့မှုသည် စိန်ခေါ်မှုများ ရင်ဆိုင်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2022-12-10 13:08:29  

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ  Dujarric က ကမ္ဘာ့ စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့မှ သယ်ယူပို့ဆောင်ရေး အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သယ်ယူပို့ဆောင်ရေး အစီအစဉ်များတွင် လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ရေး အစီအစဉ်သစ် မရှိသေးကြောင်း၊ ရုရှားမှ ဓာတ်မြေသြဇာ တင်ပို့မှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ကုလသမဂ္ဂသည် ယင်းပြဿနာကို ဖြေရှင်းရန် အာရုံစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။