ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှုသည် အစီး ၆ သန်းကျော်ရှိ

(GMT+08:00)2022-12-10 13:09:17  

တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးအသင်းမှ ၉ ရက်နေ့က ထုတ်ပြန်သည့်စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှနိုဝင်ဘာလအထိ တရုတ်နိုင်ငံ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှု ပမာဏသည် စီးရေ ၆ သန်းကျော် ရှိပြီး စံချိန် ဆက်တိုက် တင်နိုင်ခဲ့ကြောင်း သိရပါသည်။

  နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် စီးရေ ၇.၆၈ သိန်းနှင့် ၇.၈၆ သိန်း အသီးသီးရှိခဲ့ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၆၅.၆ ရာခိုင်နှုန်းနှင့် ၇၂.၃ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။