တရုတ်နှင့် ဆော်ဒီအာရေဗျသည် မဟာဗျူဟာ မိတ်ဖက်နှင့် စိတ်ရင်းမှန် မိတ်ဆွေ ဖြစ်သည်

(GMT+08:00)2022-12-10 13:07:49  

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ် နန်းတော်၌ ဆော်ဒီအာရေဗျ ဘုရင် စာလ်မန်နှင့် တွေ့ဆုံပြီး ဆော်ဒီအာရေဗျ ရှေ့နေမင်းသား ဝန်ကြီးချုပ် မူဟမ်မက်နှင့်လည်း တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့် ဆော်ဒီအာရေဗျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တိုးတက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး သဘောတူညီမှုကို ရရှိခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်နှင့် ဆော်ဒီအာရေဗျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ကိုလည်း ကိုယ်တိုင် လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြပါသည်။

မျက်မှောက်အချိန်တွင် ရာစုနှစ်ပြောင်းလဲမှုများ ဖြစ်ပွားနေပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်းသည် အားနည်းနေသည်။ အနောက်နိုင်ငံ အချို့က တစ်ဖက်သတ်ဝါဒကို ကျင့်သုံးပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ကာ ပထဝီဝင် နိုင်ငံရေး အခြေအနေ တင်းမာမှုကို ပိုမို ပြင်းထန်လာစေပါသည်။ တရုတ်နှင့် ဆော်ဒီအာရေဗျတို့သည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် အတွေးအဆ နီးစပ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အားသာချက်များကို အပြန်အလှန် ဖြည့်စွက်နိုင်ကာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ကောင်း ဖြစ်ပါသည်။ အခြေအနေသစ်တွင် နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးခြင်းသည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကျိုးစီးပွားများနှင့် ကိုက်ညီရုံသာမက ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက်လည်း အထောက်အကူ ပြုနိုင်သည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။