ရှီကျင့်ဖိန်သည် ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2022-12-10 13:12:39  

ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ညနေပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ရှိ ဘုရင်Abdulaziz နိုင်ငံတကာ အစည်းအဝေးစင်တာ၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးတွင် ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး ရီယတ် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာ တရုတ်နှင့် အာရပ်နိုင်ငံများသည် ခေတ်သစ် တရုတ်-အာရပ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ရန် သဘောတူကြသည်ဟု ကြေညာခဲ့ကြောင်း၊ အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က "တရုတ်-အာရပ် ချစ်ကြည်ရေး စိတ်ဓာတ် ထွန်းကားအောင် ဆောင်ရွက်ပြီး ခေတ်သစ် တရုတ်-အာရပ် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။