ရှီကျင့်ဖိန်သည် ဘာရိန်းဘုရင် Hamadနှင့် တွေ့ဆုံ

(GMT+08:00)2022-12-10 13:14:06  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့တွင် ဘာရိန်းဘုရင် Hamad နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်-ဘာရိန်းနှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကိုတိုးမြှင့်ပြီး၊ ဘာရိန်းနိုင်ငံစီးပွားရေးတိုးတက်မှု စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်၍၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးကာ၊ တရုတ်ဘာသာစကား ပညာရေး တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Hamad က ဘာရိန်း-တရုတ် ဆက်ဆံရေးသည် အလွန်ချစ်ခင်ရင်းနှီးပြီး ဘာရိန်းနိုင်ငံသည် တရုတ်နိုင်ငံကို အရေးပါသော မဟာဗျူဟာ မိတ်ဖက်အဖြစ် သဘောထားနေပါကြောင်း ပြောကြားခဲ့ပါသည်။