လီခေ့ချန်နှင့် နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများမှ အကြီးအကဲများသည် သတ္တမအကြိမ်မြောက် 1+6စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2022-12-10 13:10:28  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass၊ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် Kristalina Georgieva၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် Ngozi Okonjo-Iweala၊ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ ဒါရိုက်တာချုပ်Gilbert Houngbo၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ အတွင်းရေးမှူးချုပ် Mathias Cormann၊ ငွေကြေးတည်ငြိမ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ KlaasKnotတို့နှင့်အတူ သတ္တမအကြိမ်မြောက် 1+6 စားပွဲဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က အန်းဟွေးပြည်နယ် ဟွမ်စန်းမြို့၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လီခေ့ချန်က လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး အခြေအနေ ရှုပ်ထွေးနေကြောင်း၊ ဘက်အသီးသီးတို့သည် မက်ခရိုမူဝါဒညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ငွေကြေးဖောင်းပွမှုတားဆီးခြင်းနှင့် တိုးတက်မှု တည်ငြိမ်စေခြင်းကို ညီမျှစွာ ကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံဝါဒကိုကာကွယ်ပြီး လွတ်လပ်သောကုန်သွယ်မှုနှင့် တရားမျှတသော ကုန်သွယ်မှုကို ထောက်ခံကာ ကမ္ဘာ့ ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် ချောမွေ့အောင် အာမခံ ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ အနေနှင့် ပလက်ဖေါင်းအဖြစ် အပြန်အလှန် တံခါးဖွင့်ရေးကိုပိုမိုအားကောင်းစွာတွန်းအားပေးရန် တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ထောက်ခံကြောင်းပြောကြားသည်။