ကန်ရေတပ်သည် ပုလဲဆိပ်ကမ်းတိုက်ခိုက်မှု ၈၁နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(GMT+08:00)2022-12-09 13:46:38  

ဒေသ စံတော်ချိန် ယခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့သည် ဂျပန်စစ်တပ်မှ အမေရိကန် ပုလဲဆိပ်ကမ်းကို အလစ်ဝင် တိုက်ခိုက်သည့် ၈၁နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထို့နေ့တွင်  အမေရိကန်ရေတပ်သည် Hawaii ပုလဲဆိပ်ကမ်း၌ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အသက်ရှင်ကျန်ရစ်သူများ၊ စစ်မှုထမ်းဟောင်းများ နှင့် မြို့သူမြို့သားများ စုစုပေါင်း(၂၅၀၀)ခန့်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။