ရှီကျင့်ဖျိန်သည် ဆော်ဒီအာရေဗျဘုရင် Salmanနှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 13:46:13  

 ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့မွန်းလွဲပိုင်းအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံဘုရင် Salman နှင့် Riyadh တော်ဝင်နန်းတော်မှာ တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

 ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျကို အစွန်းမျိုးစုံရှိသော ကမ္ဘာတွင် အရေးပါသော အင်အားအဖြစ် သဘောထားပြီး ဆော်ဒီအာရေဗျနှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ကို တိုးတက်ရန် လွန်စွာ အလေးထားကြောင်း၊ တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကိုဝန်ဆောင်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်လိုကြောင်းပြောကြားခဲ့သည်။

 Salman က တရုတ်နိုင်ငံနှင့်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို မိမိ အလွန်အလေးထားကြောင်း၊ ဆော်ဒီအာရေးဗျ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။