ရှီကျင့်ဖိန်သည် ကာတာနိုင်ငံ Emir amim Bin Hamad Al Thani နှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 20:54:47  

 ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ ကာတာနိုင်ငံ Emir amim Bin Hamad Al Thani နှင့် တွေ့ဆုံခဲ့ပါသည်။

   ရှီကျင့်ဖိန်က လာမည့်နှစ်သည် တရုတ်နှင့် ကာတာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့် ၃၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး တရုတ်နိုင်ငံသည် ယင်းကို အခွင့်ကောင်း အဖြစ် ထား၍ တရုတ်နှင့် ကာတာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆင့်သစ်သို့ တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

Emir amim Bin Hamad Al Thani က ကာတာနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စွာ တိုးတက်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အားကစား စသည့် လုပ်ငန်းနယ်ပယ်များတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။