နိုင်ငံတကာအသိုင်းအဝိုင်းသည် တရုတ်အဆိုပြုချက်များကို ထောက်ခံကြ

(GMT+08:00)2022-12-09 13:45:25  

တရုတ်သမ္မတရှီကျင့်ဖိန်သည် ပထမဆုံးအကြိမ် တရုတ်-အာရပ်နိုင်ငံများထိပ်သီး အစည်းအဝေးနှင့် တရုတ်-ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့  တရားဝင် ခရီးလှည့်လည်သော အခါသမယတွင် China Media Group၏ CGTNတတ်သိပညာရှင်အ ဖွဲ့နှင့် Tsinghuaတက္ကသိုလ်အယ်ဖိုစတန် နိုင်ငံခြားသို့ သတင်းဖြန့်ချိရေး သုတေသန စင်တာတို့ လက်တွဲပြီး  နိုင်ငံ၂၀မှ လူပေါင်း ၄၀၀၀ကျော် ပါဝင်ကြသည့် စစ်တမ်းကို ဆောင်ရွက်ခဲ့သည်။ ယင်းစစ်တမ်းအရ အင်တာဗျူးခံရသူ ၉၄.၂ရာခိုင်နှုန်းသည် တရုတ်အဆိုပြုသော “အေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်မှု” ဟူသော လူသား တစ်ရပ်လုံး၏ ဘုံတန်ဖိုးကို ချီးကျူးကာ ၈၅ရာခိုင်နှုန်းသည် လူသားကံကြမ္မာအသိုက်အဝန်း ကြံဆချက်ကို ချီးကျူးကြသည်။