ရှီကျင့်ဖိန်သည် တူနီးရှား သမ္မတနှင့် တွေဆုံ

(GMT+08:00)2022-12-09 16:43:29  

ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Riyadhမြို့တွင် တူနီးရှား သမ္မတ Kais Saiedနှင့် တွေဆုံနှုတ်ဆက်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သည် တူနီးရှားနှင့် အတူ တရုတ်-တူနီးရှား မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုကို ခိုင်မာနက်ရှိုင်းစေပြီး တရုတ်-အာရပ်၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

Kais Saiedက ပထမဆုံး အကြိမ် အာရပ်-တရုတ် ထိပ်သီး အစည်းအဝေးသည် သမိုင်းဝင် အနက် အဓိပ္ပါယ် ပါရှိကြောင်း၊ တူနီးရှားသည် အာရပ်-တရုတ် ဆက်ဆံမှု တစ်ဆင့်တိုးတက်ရန် တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။