ရှီကျင့်ဖိန်သည် မော်ရီတေးနီးယားနိုင်ငံ သမ္မတ ဂျာဇ်ဗာနီနှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 20:52:11  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ မော်ရီတေးနီးယားနိုင်ငံ သမ္မတ ဂျာဇ်ဗာနီနှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များတွင် တရုတ်နှင့် မော်ရီတေးနီးယား ဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာကြောင်း၊ နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ခိုင်ခံ့ပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းပါကြောင်း၊ တရုတ်နိုင်ငံသည် မော်ရီတေးနီးယားနှင့်အတူ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့် တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

ဂျာဇ်ဗာနီကလည်း မော်ရီတေးနီးယားနှင့် တရုတ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စွာ တိုးတက် လာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများတွင် အပြုသဘော ဆောင်သော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။